AHKHARA SOLUTION

လူကြီးမင်းတို့၏လုပ်ငန်း တိုးတက်အောင်မြင်ခြင်းသည် မိမိတို့၏ တိုးတက်

အောင်မြင်ခြင်းအဖြစ် ခံယူပြီး အကြံဉာဏ်နှင့် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။

Our Team


အက္ခရာ @ AHKHARA SOLUTION သည်

HR Professionals များ၊ Accounting and Auditing Professionals များ၊ အင်ဂျင်နီယာများနှင့် IT ပညာရှင်များ ပူးပေါင်းပါဝင်ထားသော Business Consulting and Training Firm ဖြစ်ပါသည်။

လူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်မည့် စီမံခန့်ခွဲမှုဆိုင်ရာ စံနှုန်းနှင့် အရည်အသွေး ကောင်းမွန်ခိုင်မာခြင်းများ ဖြစ်ပေါ် ကျင့်သုံးနိုင်စေရေးအတွက် မိမိတို့ အက္ခရာ @ AHKHARA SOLUTION က ပြည်တွင်း ပြည်ပ အတွေ့အကြုံ အနည်းဆုံး ၁၅ နှစ် ရှိပြီး လက်တွေ့ကျွမ်းကျင်မှုရှိ ပညာရှင်များက ဝန်ဆောင်မှုပေးရန် အဆင်သင့်ရှိနေပါသည်။

Corporate Training များကို ဆောင်ရွက်ပေးနေသည့်အပြင် နေရာ အချိန်မရွေး လေ့လာသင်ယူနိုင်ရန်အတွက် Online Training များကို စီစဉ်ပို့ချပေးလျက်ရှိနေပါသည်။

HR Services


လုပ်ငန်း အဖွဲ့အစည်းများအတွက် ဝန်ထမ်းရေးရာ ကိစ္စရပ်များသည် ညင်သာ ချောမွေ့စွာ သက်ဝင်စေရန် အရေးပါလှပါတယ်။ 

လူကြီးမင်းတို့၏ လုပ်ငန်းများကို အဆင်ပြေ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရန်အတွက် HR ဆိုင်ရာလုပ်ငန်းများကို တာဝန်ယူပြီး ဆောင်ရွက်ပေးနေပါသည်။ 

Administration Services


မည်သည့် လုပ်ငန်း အဖွဲ့အစည်းမဆို ရုံးလုပ်ငန်းနှင့် စီမံရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရသည်ချည်းသာ ဖြစ်ပါတယ်။


ရုံးလုပ်ငန်းနှင့် စီမံရေးရာ ကိစ္စရပ်များကို စနစ်ကျ ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် Administration Functions များကို တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။

Warehousing Services


လူကြီးမင်းတို့ရဲ့ သိုလှောင်ရုံအတွင်းရှိ ကုန်ပစ္စည်းများ လေလွင့် ပြုန်းတီးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ လျော့ပါးသက်သာစေရန်နှင့် စတို/ သိုလှောင်ရုံ ကိစ္စရပ်များကို နောက်ဆံမတင်းရဘဲ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရန်အတွက် -

STORES/ Warehouse Functions များကို တာဝန်ယူပြီး ကူညီ ပံ့ပိုး ဆောင်ရွက်ပေးနေပါသည်။


Corporate Training


လုပ်ငန်း အဖွဲ့အစည်းတစ်ခုရဲ့ အရေးပါလှတဲ့ အရင်းအမြစ်ဖြစ်သော ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိနိုင် ရေးအတွက် လေ့ကျင့် သင်ကြားပေးရေးကိုလည်း ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။